go to landing page

ကြည်နူးဖွယ် အခိုက်အတန့်

စာချစာသင်ထေရ်အရှင်တို့အား အနော်ရထာဥပါသကာအဖွဲ့မှ သာသနာ့အမွေခံယူပွဲကျင်းပရာ ခန်းမကြီးအတွင်းသို့ ပင်ဆောင်လာစဉ်……သာသနာ့အမွေခံမိသားစုများမှ မိမိတို့နှင့်ရေစက်ဆုံ၍ မဲကျရာ သံဃာရတနာအား မိမိတို့ရှေမောက်သို့ ရောက်ရှိလာမည်ကို ကြိုဆိုစောင့်ဆိုင်းရသော ကြည်နူးဖွယ်အခိုက်အတန့်။

၁၃၈၅ ခုနှစ် ပြာသိုလပြည့်ကျော် (၁၀)ရက် (၄.၂.၂၀၂၄) တနင်္ဂနွေနေ့

အနော်ရထာဖောင်ဒေးရှင်း၏ စာချစာသင်ထေရ်အရှင် အစဉ်စောင့်ရှောက်ရေးစီမံကိန်းအရ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ၊ကမ္ဘာအေးဘုရားလမ်း Melia Hotel, Main Ballroom တွင် (တတိယအကြိမ်) ကျင်းပခဲ့သော ရန်ကုန်မြို့၏ သာသနာ့အမွေခံယူပွဲ။

ရန်ကုန်မြို့၏ စတုတ္ထအကြိမ်သာသနာ့အမွေခံယူပွဲကြီးအား ၂၃.၆.၂၀၂၄ တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ သာသနာ့အမွေခံယူကြမည် အလှူရှင်များသည် အနော်ရထာဖောင်ဒေးရှင်းရုံးသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

သာသနာ့အမွေခံအစစ် ကုသိုလ်နှစ်ကို ပြုလုပ်၍ သာသနာ့အမွေခံယူလိုပါက အနော်ရထာဖောင်ဒေးရှင်းသို့ ဆက်သွယ်ရန်

ရုံးဖုန်းနံပါတ်များ 09400083671 / 09779889222 /09777003007