go to landing page

တက္ကသိုလ်ကွန်ကရစ်လမ်းအတွက် (၁၀)သိန်းကျပ်အလှူတော် သာဓုခေါ်ယူကြစေသော်

ပြင်ဦးလွင်မြို့ အနော်ရထာဗုဒ္ဓတက္ကသိုလ် Anawrahtar University of Peace, Leadership & Management စီမံကိန်း

ကွန်ကရစ်လမ်း စတင်ခင်းနေပါပြီ။

ပေ အလျား (20′) x အနံ( 18′) အလှူရှင်

===========================

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဒေါ်ခင်ဆွေလွင် (သား) မောင်ဟိန်းထက်အောင်နေ

(သမီး) မနေခြည်ခင်ခင်ဦး၊ မဆုလတ်ပြည့်မိသားစု။

တက္ကသိုလ်စီမံကိန်းတွင် ခင်းရမည့်ကွန်ကရစ်လမ်းအရှည်မှာ ပေ(၄၀၀၀)ခန့်ရှိပါသည်။ အနံ (၁၈’)x အလျား (၁’) အတွက် ကျပ်(၅၀၀၀၀) ကုန်ကျစရိတ်ရှိပါသည်။

ကွန်ကရစ်လမ်းကုသိုလ်ပြုလုပ်လိုပါက (၁၈’x၁’) အတွက် (၅၀၀၀၀)ကျပ်မှ စ၍ မိမိတို့လှူဒါန်းလိုသော လမ်းအရှည်အလိုက် စွမ်းနိုင်သမျှ လှူဒါန်းနိုင်ပါသည်။

ပေ(၃၀၀)အတွက် အလှူရှင်ပြည့်တိုင်း အဆင့်မြင့် ကွန်ကရစ်ဖျော်စက်ကားကြီးများဖြင့် စနစ်ကျကောင်းမွန်သော တက္ကသိုလ်လမ်းများကို ပြုလုပ်သွားမည်ဖြစ်ပါကေကြောင်း အသိပေးအပ်ပါသည်။

============================

အနော်ရထာခေါင်းဆောင်မှုပညာဗုဒ္ဓတက္ကသိုလ် စီမံကိန်း အကြောင်း …

အနော်ရထာတက္ကသိုလ်စီမံကိန်း နယ်မြေသည် ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာအုပ်စု ညံညင်းသာကျေးရွာ … အနီးစခန်းလေဆိပ်တောင်ဖက်တွင် တည်ရှိပါသည်။

2022-နှစ်တွင် လုပ်ငန်းများ စတင်ခဲ့ပါသည်။

ရည်ရွယ်ချက်

=========

(၁) ရဟန်းတော်များ၏ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှု၊ ဟောနည်းပြောနည်း၊ ဘာသာစကားအရည်အသွေးများကို မြှင့်တင်ပေး၍ ….

ပြည်တွင်းဘုန်းကြီးကျောင်းများ စနစ်တကျ ပြောင်းလဲတိုးတက်လာစေရန် နှင့် …

ပြည်ပနိုင်ငံတကာသို့ ထိုးဖောက်နိုင်သောသာသနာပြု ခေါင်းဆောင်များ ပေါ်ထွန်းလာစေရန် …။

(၂) တိုင်းပြည့်ရတနာ အနာဂါတ်လူငယ် လူရွယ်များအား ..

မြတ်ဗုဒ္ဓ၏ အဆုံးအမများ၊ ခေါင်းဆောင်မှု စီမံခန့်မှုပညာရပ်များ၊စီးပွားရေးပညာ ၊ဘာသာစကား အရည်အသွေးများကို နိုင်ငံတကာအဆင့်မီ သင်ကြားပေး၍ ….

၎င်းတို့မိသားစုဘဝများနှင့် တိုင်းပြည်ကို တိုးတက်ပြောင်းလဲအောင် စွမ်းဆောင်နိုင်သော ခေါင်းဆောင်ကောင်းများ မွေးထုတ်ပေးရန် ….

=====================

လှူဒါန်းလိုပါက …

ဆက်သွယ်ရန် –

ရုံးဖုန်းများ – 09779889222 / 09777003007 / 09400083671/ 09256566951