go to landing page

ဝမ်းမြောက်ကြည်နူး ကျေးဇူးမှတ်တမ်း

(၂၃.၂.၂၀၂၄)နေ့တွင် ရန်ကုန်မြို့၊ ဝိတိုရိယဆေးရုံကြီးတွင် အိန္ဒိယဆရာဝန်ကြီးများဖြင့် မိမိ၏ နှလုံးသွေးကြော အခြေအနေကို စမ်းသပ်စစ်ဆေးကြည့်ရှုခဲ့ရာ … အဓိကပင်မနှလုံးသွေးကြောများ ကောင်းမွန်ကြောင်း အဖြေထွက်ခဲ့ပါသည်။

ဘုန်းဘုန်း၏ ကျန်းမာရေးကို (စိတ်ပူပင်စွာဖြင့်) အထူးဂရုစိုက်စောင့်ရှောက် လှူဒါန်းပေးခဲ့ကြပါသော ဒေါက်တာသန်းထွဋ် နှင့် ကိုစိုင်းမျိုး + မသီတာရွှေဝင်း (ရွှေအင်းလေးမိသားစု)တို့၏ ကုသိုလ်စေတနာ မေတ္တာ ကရုဏာတရားများအတွက် အထူးဝမ်းမြောက်ကြည်နူးရပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

အနီးကပ်လိုက်ပါ စိတ်ရှည်ကြင်နာစွာစောင့်ရှောက်ခဲ့ပါသော ညီတော်လေး အရှင်အာစာရဗုဒ္ဓိ(ပဲခူး)အားလည်း အထူးကျေးဇူးတင်ပါကြောင်း ကြည်နူးစွာ မှတ်တမ်းတင်အပ်ပါသည်။

ကျန်းမာခြင်းဟူသော ဆုလာဘ်ကြီး ကို လူသားတိုင်း ရရှိကြပါစေ …

မစိုးရိမ်အရှင်ဗုဒ္ဓပီယ

25.2.2024